ုပိုင်ရှင်မဲ့နှလုံးသား
တမ်းတလို့မှ
လွမ်းစရာမရှိတဲ့အခါ
နွမ်းနေလည်း
ပိုနေမယ်ထင်ရဲ့
စာနာပေးဖို့ထက်
နားလည်သူကိုရခြင်တာ
အခုတော့
ကြယ်တွေတိတ်လို့
ညတွေလည်းဆိတ်ခဲ့ပြီ
ငါရင့်ဘတ်ကိုကြည့်စမ်း
အနမ်းတွေမစိုသေးဘူးလေ
အထီးကျန်မှုတွေနဲ့
အခုထိပဲပေါ့
အိပ်စက်နေခဲ့တာ
အချိန်တွေကြာသွားပြီလား
ဝိုးတ၀ါးပဲ
အအိပ်ခက်အဆိပ်တက်
အိပ်မက်တွေနဲ့ငါ
လက်တွဲစရာ ကမ်းလင့်သူ့မဲ့လို့
အထီးကျန်ခြင်းတွေရယ်
နှလုံးသားကိုစာနာပြီးပြောကြည့်ပါ
ကဲဘယ်မှာလည်း.....
ငါ့ရဲ့ဖူးစာရှင်က
No comments:
Post a Comment