ဘာဖြစ်လို့တည်ငြိမ်သွားရတာလည်း
စွတ်လွတ်ရမှာစိုးလို့လား
စွန့်လွတ်ခြင်းကိုမခံစားနိုင်လို့လား
အရာရာတိမ်နုတ်
လွမ်းခြင်းလည်းမပီ
တမ်းခြင်းလည်းမညီတဲ့အခါ
ငါက ကဗျာတပုဒ်ဖြစ်လို့ဖြစ်
သူကကဗျာတပုဒ်ဖြစ်လို့ဖြစ်
ဝဲဂယက်သံသရာမှာ
နာကျင်တာလည်းများခဲ့ဖူး
ကြင်နာတာလည်းများခဲ့ဖူး
လတန်ကူးနဲငါလွမ်းလိုက်ကျွမ်းလိုက်
နေ့ဆိုပူလို့ညဆိုမြူတွေခ
လူ့ဘ၀ကလည်း
အဖြစ်အပျက်တွေမြန်တယ်
အခုငိုအခုပြိုလို့
ကြာတော့လည်းငါငိုငါတာတွေက
အကယ်ဒမီမရနိုင်တဲ့
ငိုကြွေးခြင်းတွေပါပဲလား......
No comments:
Post a Comment