မာန
ဘယ်အရာကိုမှအရှုံးမပေးတတ်ပေမဲ့
အခုငါအရှုံးပေးလိုက်ရပြီ
ဘယ်တော့မှမခံစားတတ်တဲ့ငါ
အခုတော့ခံစားနေရပြီ
အရာ၇ာနားလည်ပေးတတ်ခဲ့တဲ့ငါ
အခုတော့နားလည်လို့မရအောင်ဖြစ်ခဲ့ရပြီ
မာနနဲ့နေတတ်ခဲ့တဲ့ငါလည်း
မာနတွေအရည်ပျော်ကြလို့
တဘ၀စာသင်္ခန်းစာတွေနဲ့
အရှုံးပေးလိုက်ရပြီ
ငါသိပါတယ်
အစကတည်းကငါ့ဘက်က
လိုက်လျောပေးထားမှုတွေများသွားခဲ့တာ
အခုတော့
လဲပြိုသွားတဲ့မာနတွေကို
ငေးကြည့်ရင်းနာကျင်စွာ
လောင်မြိုက်နေကြပြီ.
No comments:
Post a Comment