.
နှလုံးသားသေဆုံးခြင်း
နှလုံးသားဈာပနတခုကို
အခုနကကျင့်ပလိုက်တယ်
စည်ကားသိုက်မြိုက်လွန်းတယ်
ဧည့်ဝတ်ကျေကြတယ်
ကျနော်လဲကျသေဆုံးနေခြင်းကို
သံဝေဂယူကြတယ်မျက်နှာမကောင်းကြဘူး
ပါးပြင်တွေဘာလို့မျက်ရည်တွေပြည့်သွားကြတာလည်း
ဟန်ဆောင်ခြင်းတွေလား
သနားတာကောဟုတ်ရဲ့လား
ဘာပဲဖြစ်နှလုံးသုားဟာသေဆုံးသွားပြီ
ရွက်ကြွေတွေဝဲခနေတယ်
အချစ်ကိုပြောနေကြတယ်
နှလုံးသားတွေဆုံးပေါင်းများခဲ့လိုတဲ့
ခံးစားမှုတွေနဲ့နှလုံ့းသားကိုကျွတ်ထိုးနေကြတယ်
ပြိးတော့ကောင်းကင်မှာကြယ်တွေကြွေတယ်
အရေခွံဆုပ်ထားတဲ့ဖိနပ်တရံနဲ့
ကျနော်သေဆုံးသွားတဲ့နှလုံးသားကို
လိုက်ရှာနေမိရဲ့..
ဒါပေမဲ့လည်းသေဆုံးသွားတယ်
နှလုံးသားပက်ပက်စစ်စစ်ပဲ
သေဆုံးသွားခဲ့တယ်..
No comments:
Post a Comment