အိပ်မက်ထဲမှာပျောက်သွားသူ
သူဟာကျနော်အိပ်မက်ဆိုလည်းဟုတ်တယ်
တကယ်တော့
သူကိုကျနော်အိပ်မက်တွေထဲမှာအလှပဆုံး
ပုံသွင်းထုဆစ်ထားတာပါ
ဒါပေမဲ့လည်းကျနော်ကိုရက်စက်စွာ
အိပ်မက်တွေထဲကနေထွက်ပြေးစွန့်ခွာသွားတယ်
ဟောဒီမိုးကောင်းကင်တခုလုံးသူကိုကျနော်
ကျိန်ပြောခဲ့တာကြယ်လေးတွေသက်သေပါတယ်
သူဟာကျနော်ကိုအမြဲတမ်းထုဆစ်ပုံသွင်းပေးတတ်တဲ့
ပန်းပုနတ်သမီးတပါးလည်းဟုတ်လေရဲ့
တနေ့ပေါ့ကျနော်နှုလုံးသားတွေကို
အစိပ်စိပ်အမွှာမွှာထုချေသွားခဲတယ်လေ
ဒါပေမဲ့ကျနော်ဟာအလင်းတန်းတခုကိုတွဲခိုပြီး
ဖြစ်သန်းနေဖြစ်တယ်ဆိုတာသူသိနေနိုင်တယ်
ကျနော်ကသူကိုအခုလိုမျိုး
နှလုံးသားတွေကိုချိုးဖဲ့မပစ်စေချင်ဘူး
ရင်ကျက်သူတယောက်ထက်ပိုပြီးတည်ငြိမ်စေချင်ခဲ့တာ
အေးအေးချမ်းချမ်းနေထိုင်ဖို့သိသလော်နဲဖြောင်ဖျခဲ့မိတယ်
သူကမာနကိုအရေထူအောင်ခြုံထားတဲ့သူမို့လားမသိ
ကျနော်ရဲ့အတ္တဘောင်တခုထဲမှာ
အချိန်ပြည့်နေထိုင်မသွားဘူးလေ
အခုတော့အရာရာနောက်ကျခြင်းတွေနဲ့
တိမ်းပါးစွာသူကိုကျနော်နားလည်ပေးခဲ့ပါတယ်
ဝေဒနာာကိုခံစားမှုတခုထက်မပိုပါနဲ့လို့
ထည်းဝင်စွာထုတ်ချည်းထားခဲ့ပေမဲ့
ကျနော်မျော်လင့်ချက်တွေအားလုံးကို
မိုးရေတွေနဲစိုစွတ်သွားစေခဲ့တယ်လေ
အခုဆိုကျနော်အိပ်မက်တခုထဲမှာ
ကျပျောက်သွားခဲ့ရတဲ့သူကို
တိမ်းမူးညွတ်နုးရင်းအိပ်မက်ကိုထုဆစ်နေရတယ်
နှလုံးသားဟာအိမ်မက်တခုထဲမှာပဲ
နာကျင်စွာကျရှုံးနေမယ်ထင်မိရဲ့
ကျနော်ကိုအခုထိသူဟာထုဆစ်ပုံသွင်းနေသေးတဲ့
သူတယောက်အဖြစ်ကျနော်အိပ်မက်ကို
အလှပဆုံးသိမ်းသွင်းထားမိသေးရဲ့
နာကျင်တာမျိုးလည်းမရှိသလိုသူကိုကျပျောက်သွားသော
အိပ်မက်တခုအဖြစ်ပဲထားရှိထားဆဲပဲဆိုတာ
သူသိနေသေးခဲ့ရင်......................
သူဟာကျနော်အိပ်မက်ဆိုလည်းဟုတ်တယ်
တကယ်တော့
သူကိုကျနော်အိပ်မက်တွေထဲမှာအလှပဆုံး
ပုံသွင်းထုဆစ်ထားတာပါ
ဒါပေမဲ့လည်းကျနော်ကိုရက်စက်စွာ
အိပ်မက်တွေထဲကနေထွက်ပြေးစွန့်ခွာသွားတယ်
ဟောဒီမိုးကောင်းကင်တခုလုံးသူကိုကျနော်
ကျိန်ပြောခဲ့တာကြယ်လေးတွေသက်သေပါတယ်
သူဟာကျနော်ကိုအမြဲတမ်းထုဆစ်ပုံသွင်းပေးတတ်တဲ့
ပန်းပုနတ်သမီးတပါးလည်းဟုတ်လေရဲ့
တနေ့ပေါ့ကျနော်နှုလုံးသားတွေကို
အစိပ်စိပ်အမွှာမွှာထုချေသွားခဲတယ်လေ
ဒါပေမဲ့ကျနော်ဟာအလင်းတန်းတခုကိုတွဲခိုပြီး
ဖြစ်သန်းနေဖြစ်တယ်ဆိုတာသူသိနေနိုင်တယ်
ကျနော်ကသူကိုအခုလိုမျိုး
နှလုံးသားတွေကိုချိုးဖဲ့မပစ်စေချင်ဘူး
ရင်ကျက်သူတယောက်ထက်ပိုပြီးတည်ငြိမ်စေချင်ခဲ့တာ
အေးအေးချမ်းချမ်းနေထိုင်ဖို့သိသလော်နဲဖြောင်ဖျခဲ့မိတယ်
သူကမာနကိုအရေထူအောင်ခြုံထားတဲ့သူမို့လားမသိ
ကျနော်ရဲ့အတ္တဘောင်တခုထဲမှာ
အချိန်ပြည့်နေထိုင်မသွားဘူးလေ
အခုတော့အရာရာနောက်ကျခြင်းတွေနဲ့
တိမ်းပါးစွာသူကိုကျနော်နားလည်ပေးခဲ့ပါတယ်
ဝေဒနာာကိုခံစားမှုတခုထက်မပိုပါနဲ့လို့
ထည်းဝင်စွာထုတ်ချည်းထားခဲ့ပေမဲ့
ကျနော်မျော်လင့်ချက်တွေအားလုံးကို
မိုးရေတွေနဲစိုစွတ်သွားစေခဲ့တယ်လေ
အခုဆိုကျနော်အိပ်မက်တခုထဲမှာ
ကျပျောက်သွားခဲ့ရတဲ့သူကို
တိမ်းမူးညွတ်နုးရင်းအိပ်မက်ကိုထုဆစ်နေရတယ်
နှလုံးသားဟာအိမ်မက်တခုထဲမှာပဲ
နာကျင်စွာကျရှုံးနေမယ်ထင်မိရဲ့
ကျနော်ကိုအခုထိသူဟာထုဆစ်ပုံသွင်းနေသေးတဲ့
သူတယောက်အဖြစ်ကျနော်အိပ်မက်ကို
အလှပဆုံးသိမ်းသွင်းထားမိသေးရဲ့
နာကျင်တာမျိုးလည်းမရှိသလိုသူကိုကျပျောက်သွားသော
အိပ်မက်တခုအဖြစ်ပဲထားရှိထားဆဲပဲဆိုတာ
သူသိနေသေးခဲ့ရင်......................
No comments:
Post a Comment