အလွမ်းမပါသောဘ၀များ
နံရံတွေစကားမပြောတတ်ဘူးလား
မိုးတိမ်တခုလိုလွင့်ပါးနေတဲ့အခါ
အရောင်ဆိုတာတွေအရေးပါလာမယ်
သင်ကွဲငှက်တကောင်လိုဘ၀က
အော်ငြီးသံတွေကြား
ကံတရားကကြေကွဲမှုတွေကိုပဲပေးတယ်
မနက်ဖန်မှာငါတို့အားလုံး
ဦးတည်ချက်တခုနဲ့အလွင့်တွေကိုကျော်ပြီး
ချစ်ခြင်းမဲ့ကာရံညများကိုတေးဆိုပြကြမယ်
တကယ်တော့လူဆိုတာ.
မျှော်လင့်ချက်နဲ့အသက်ရှင်တာပါ
မိုးလင်ဖို့ထက်မိုးမချုပ်အောင်ကြိုးစား
အားလုံးနဲ့ပျော်ဖို့
နေ၀င်ချိန်တွေကိုစောင့်မနေသင့်ဘူး
ယစ်မူးခြင်းတွေဝေးစေဖို့
ငါတို့တွေ....
ရိုးသားကြမယ်..............
No comments:
Post a Comment